Zaw Win Htet
ဇော်ဝင်းထက်
God is with us. May God bless us.
May God bless you all.
I love you all.
By Zaw Win Htet.
  • ထာဝရဘုရားသည် ဘုရားတကာတို့ ၏ ဘုရားဖြစ်၏။ 
  •    ယေရှုခရစ်ကို ယုံကြည်လက်ခံသောသူသည် အပြစ်ငရဲမှ လွှတ်မြောက်ရ၏။...မိတ်ဆွေ ယခုလက်ခံပါ။.....               
  • ယေရှုက ငါ့အဆွေတို့  သင်တို့ အား ငါဆိုသည်ကား ကိုယ်ခန္ဓာကိုသတ်၍ နောက်တဖန် အလျှင်းမပြုနိုင်သောသူတို့ ကို မကြောက်ကြနဲ့ ။ အဘယ်သူကိုကြောက်ရမည်နည်းဟူသည်ကား ကိုယ်ခန္ဓာကို သတ်ပြီးမှငရဲထဲသို့ ချနိုင်သောသူကို ကြောက်ကြလောဟု မိန့် တော်မူ၏။..(ရှင်မဿဲ-၁၂း၎-၅)
  • ယေရှုက ပညတ်တကာတို့ တွင် အမြတ်ဆုံးသော ပညတ်ဟူမူကား ငါတို့ ၏ဘုရားသခင်ထာဝရဘုရားသည် တဆူတည်းသောဘုရားဖြစ်တော်မူ၏။ ထာဝရဘုရားသည်တစ်ပါးတည်းဖြစ်တော်မူ၏။..သင်၏ ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ဉာဏ်ရှိသမျှ၊အစွမ်းသတ္တိရှိသမျှနှင့်ချစ်လော။...ထိုမှတပါးကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လောဟူသော ဒုတိယပညတ်သည် ပဌမပညတ်နှင့် သဘောတူ၏။ ဤပညတ်တို့ ထက်သာ၍ ကြီးမြတ်သော ပညတ်မရှိဟု မိန့် တော်မူ၏။..(ရှင်မာကု-၁၂း၂၉-၃၁)
  •  ယေရှုက ကိုယ့်ကိုကိုယ် ချီးမြှောက်သောသူမည်သည်ကား နှိမ့်ချခြင်းသို့ ရောက်လတံ့။.ကိုယ့်ကိုကိုယ် နှိမ့်ချသောသူမည်သည်ကား ချီးမြှောက်ခြင်းသို့ရောက်လတံ့ဟုမိန့် တော်မူ၏။..(ရှင်လုကာ-၁၄း၁၁)
  •  ယေရှုက အိုအဘ သူတို့ ၏  အပြစ်ကို လွှတ်တော်မူပါ။ သူတို့ သည် ကိုယ်ပြုသောအမှုကို မသိကြဟု မြွှတ်ဆိုတော်မူ၏။..(ရှင်လုကာ-၂၃း၃၄)
  • ငါအမှန်အကန်ဆိုသည်ကား အကြင်သူသည် ဘုရားသခင်၏ နိုင်ငံတော်ကို သူငယ်ကဲ့သို့ မခံမယူ ထိုသူသည်နိုင်ငံတော်သို့ မ၀င်ရဟု မိန့် တော်မူ၏။..(ရှင်လုကာ-၁၈း၁၇)
******************************************************************************************************************************
သူငယ်ချင်းသေသွားတဲ့အခါမှာ သူငယ်ချင်းရဲ့ ဝိညာဉ်ဟာ ဘယ်ကိုရောက်မယ်လို့ ထင်သလဲ။?
        ကမ္ဘာပေါ်မှာ ခရစ်ယာန်တွေအများကြီးရှိပါတယ်။ ဒါပေမယ့် အဲဒီခရစ်ယာန်တွေအားလုံးထဲမှာ ကောင်းကင်နိုင်
ငံတော်တက်မယ့်သူတွေက အရမ်းနည်းနေတယ်။ သခင်ယေရှုမိန့် တော်မူသည်မှာ သခင်၊သခင်ဟု ငါ့ကိုလျှောက်
သောသူတိုင်းကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်၏ အလို
ကိုဆောင်သောသူသာလျှင် ၀င်ရလိမ့်မည်။(ရှင်မဿဲ-၇း၂၁) လို့ ကျမ်းစာမှာတွေရတယ်။ ဒါကြောင့် ကျနော်တို့ ဟာ
ဘုရားသခင်ရဲ့ အလိုတော်ကို ဆောင်ဖူးသလော။ ဘုရားသခင်အတွက် ကျနော်တို့ ဘာလုပ်ခဲ့ပြီလဲ။ ကဲ...သူငယ်ချင်း
အနေနဲ့  စဉ်းစားကြည့်ပါ။ ကျနော်တို့ ဟာ ကိုယ်ဖြစ်ချင်တာကို ရှေ့ မှာထားပြီး ဘုရားသခင် ဖြစ်စေချင်တာကို နောက်
မှာ ထားတတ်ကြတယ်မဟုတ်လား။တခါတရံ ကျနော်တို့ အောင်မြင်ကျော်ကြားတဲ့အခါမှာ ဘုရားသခင်ကိုမေ့ပြီး ဒုက္ခ
ရောက်တဲ့အခါမှာတော့ ဘုရား၊ဘုရား ကယ်ပါဆိုပြီး အော်တတ်ကြတယ်မဟုတ်လား။ ဒါဟာ ကျနော်တို့ အတွက်
မကောင်းတဲ့အရာလေးပဲ။ ဒါကြောင့် သူငယ်ချင်းကို အဓိကပြောချင်တာက တိုတောင်းလှတဲ့ကျနော်တို့ အသက်ရှင်ချိန်
လေးမှာ ထာဝရဘုရားသခင်ကို ယုံကြည်ကိုးစားဖို့ လိုပါတယ်။ ပျော်ရွှင်တဲ့အခါဖြစ်စေ၊ ၀မ်းနည်းတဲ့အခါဖြစ်စေ ထာဝရ
ဘုရားသခင်ဆီ အမြဲတမ်းဆုတောင်းဖို့ လိုပါတယ်။ ထာဝရဘုရားသခင်၏ အလိုတော်ကို ရှေ့မှာထားပါ။ ဒါမှ ထာဝရ
ဘုရားသခင်က ကျနော်တို့ ကို ချစ်ပြီး ကျနော်တို့ လိုချင်တဲ့အရာတွေကို ဖြည့်ဆီးပေးမှာ။ သူငယ်ချင်းဟာ
ဘယ်လောက်ဘဲ လိမ္မာ၊ယဉ်ကျေး ပါစေ သခင်ယေရှုကို မယုံကြည်ဘူးဆိုရင် သူငယ်ချင်းဟာ ထာဝရမီးငရဲထဲကို
ရောက်သွားမှာပါ။ ထာဝရငရဲဆိုတာ မကုန်ဆုံးနိုင်တဲ့ နှစ်ပေါင်းအကြာကြီးထဲမှာ နေရမယ်ဆိုတာ သူငယ်ချင်းသိပြီး
သားပါ။ ဒါကြောင့် တိုတောင်းလှတဲ့ ကျနော်တို့ အသက်ရှင်ချိန်လေးမှာ သခင်ယေရှုကို ယုံကြည်ကိုးစားပါလို့  ကျနော်
တောင်းဆိုချင်ပါတယ်။ ဒါမှ သူငယ်ချင်းနှင့်ကျနော်တို့ ထာဝရကောင်းကင်နိုင်ငံတော်မှာ ပျော်ပျော်ရွှင်ရွှင်နှင့် ပြန်ဆုံနိုင်
ကြမှာပါ။သူငယ်ချင်းလည်း ထာဝရ ကောင်းကင်နိုင်ငံတော်ကို ရောက်ချင်တယ်မဟုတ်လား။ ဒါဆို သူငယ်ချင်းဘာ
လုပ်ရမလဲဆိုတာ သူငယ်ချင်းအနေနဲ့ သိပြီးသားပါ။
                                                ဒီစာကို ဖတ်ပေးတဲ့အတွက် အထူးကျေးဇူးတင်လျှက်...............
                                                                      .............ဇော်ဝင်းထက်............
**************************************************************************************************************
ယေရှုရဲ့ ဆုံးမသြ၀ါဒ အကျင်းချုပ်(၁)
ရှင်မဿဲခရစ်ဝင်=အခန်းကြီး ၅၊ အငယ်၃ မှ ၁၂ထိ 
သခင်ယေရှုဆုံးမသြ၀ါဒပေးတော်မူသည်မှာ 
 စိတ်နှလုံးနှိမ့်ချသောသူတို့ သည်
မင်္ဂလာရှိ၏။ အကြောင်းမူကား
ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့ ၏ နိုင်ငံဖြစ်၏။
စိတ်မသာညည်းတွားသောသူတို့ သည် မင်္ဂလာရှိ၏။
 အကြာင်းမူကား ထိုသူတို့ သည် သက်သာခြင်းသို
့ရောက်ကြလတံ့။ စိတ်နူးညံ့သိမ်မွေ့ သောသူတို့ သည်
မင်္ဂလာရှိ၏။ အကြောင်းမူကား ထိုသူတို့ သည်
ပြည်တော်ကို အမွေခံရကြလတံ့။ ဖြောင့်မတ်ခြင်းပါရမီကို
စာငတ်ခင်မွတ်သောသူတို့ သည် မင်္ဂလာရှိ၏။
အကြောင်းမူကား ထိုသူတို့ သည် ၀ပြောခြင်းသို
့ရောက်ကြလတံ့။သနားစုံမက်တတ်သောသူတို့ သည်
မင်္ဂလာရှိ၏။ အကြောင်းမူကား ထိုသူတို့ သည်
သနားစုံမက်ခြင်းကို ခံရကြလတံ့။ →
စိတ်နှလုံးဖြုစင်သောသူတို့ သည်မင်္ဂလာရှိ၏။
အကြောင်းမူကား ထိုသူတို့ သည် ဘုရားသခင်ကို
မြင်ရကြလတံ့။ သူတပါးခိုက်ရန်ပြုခြင်းကို
ငြိမ်းစေတတ်သောသူတို့ သည် မင်္ဂလာရှိ၏။
အကြောင်းမူကာထိုသူတို့ သည် ဘုရားသခင်၏
သားတော်ဟုခေါ်ဝေါ်ခြင်းကို
ခံရကြလတံ့။ ဖြောင့်မတ်ခြင်းတရားကြောင့်
နှောက်ရှက်ညှဉ်းဆဲခြင်းကို ခံရသောသူတို့ သည်
မင်္ဂလာရှိ၏။ အကြောင်းမူကား
ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့ ၏
နိုင်ငံဖြစ်၏။ ငါ့ကြောင့် သင်တို့ ကို ကဲ့ရဲ့ ညှဉ်းဆဲ၍
မမှန်ဘဲလျက်အပြစ်တကာတင်ကြသောအခါ သင်တို
့သည် မင်္ဂလာရှိ၏။ ၀မ်းမြောက်ရွှင်မြူးခြင်းရှိကြလော့။
အကြောင်းမူကားကောင်းကင်ဘုံ၌သင်တို့၏အကျိုးသည်
ကြီးလှပေ၏။ သင်တို့ ရှေ့ကပေါ်ထွန်းသော
 ပရောဖက်တို့ ကထိုနည်းတူ ညှဉ်းဆဲကြပြီ။
**************************************************************************************************
ယေရှုရဲ့ ဆုံးမသြ၀ါဒ အကျင်းချုပ်(၂)
ရှင်မဿဲခရစ်ဝင်=အခန်းကြီး ၅၊ အငယ် ၁၇ မှ ၂၀ ထိ။
သခင်ယေရှုဆုံးမသြ၀ါဒပေးတော်မူသည်မှာ
ပညတ္တိကျမ်း၊အနာဂတ္တိကျမ်းများကို ဖျက်ပယ်ခြင်းဌါ
ငါလာသည်ဟု မထင်ကြနဲ့ ။ ဖျက်ပယ်ခြင်းဌါ
ငါလာသည်မဟုတ်။ ပြည့်စုံစေခြင်းဌါ ငါလာသတည်း။
ငါအမှန်ဆိုသည်ကားကောင်းကင်နှင့်မြေကြီး
မပျက်စီးမီတိုင်အောင် ပညတ္တိကျမ်း၌
အငယ်ဆုံးသောစလူံး ဗိန္ဓုတလုံးမှပြည့်ဆုံခြင်းသို့
အငယ်ဆုံးသော ပညတ်တစ်ခုကို ကိုယ်တိုင်လွန်ကျူး၍
သူတစ်ပါးတို့ အားလည်း ထိုအတူသွန်သင်၏။
ထိုသူသည်ကောင်းကင်နိုင်ငံတော်၌ အငယ်ဆုံးသောသူ
ဖြစ်လိမ့်မည်။အကျင်သူသည်ကိုယ်တိုင်ကျင့်၍
သူတပါးတို့ အားလည်းသွန်သင်၏။ ထိုသူသည်
ကောင်းကင်နိုင်ငံတော်၌ ကြီးသောသူ ဖြစ်လိမ့်မည်။
ရှင်မဿဲခရစ်ဝင်=အခန်းကြီး ၅၊ အငယ် ၂၇ မှ ၂၉၊ ၃၁ မှ ၃၂ ထိ
သူ့ မယားကို မပြစ်မှားရဟူသော ရှေးပညတ်စကားကို 
သင်တို့ ကြားရပြီ။ ငါ့ပညတ်သည်ကား
ကိလေသာစိတ်နှင့် သူ့ မယားကို ကြည့်ရှုသောသူသည်
စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့် ပြစ်မှားပြီ။ 
ထို့ ကြောင့်လကျာ်မျက်စိဖြစ်သော်လည်း သင့်ကို
မှားယွင်းစေလျှင် ထိုမျက်စိကို ထုတ်ပစ်လော။
တစ်ကိုယ်လုံး ငရဲသို့ ချခြင်းကို ခံရသည်ထက်
အင်္ဂါတစ်ခုပျက်သော် သာ၍ကောင်း၏။
တဖန်တုံ မယားနှင့်ကွာလိုလျှင် ဖြတ်စာကို အပ်ပေးစေ
ဟူသောပညတ်စကားရှိပြီ။ ငါပညတ်သည်ကား
မှားယွင်းခြင်းအကြောင်းမှတပါး အခြားအကြောင်းဖြင့်
မိမိမယားနှင့်ကွာသောသူသည် မိမိမယားကို မှားယွင်း
စေ၏။ ကွာသောမိန်းမနှင့်စုံဘက်ခြင်းကို ပြုသောသူ
သည်လည်း သူ့ မယားကို ပြစ်မှား၏။
**************************************************************************************************
သခင်ယေရှုရဲ့ ဆုံးမသြ၀ါဒအကျင်းချုပ်(၃)<
ရှင်မဿဲခရစ်ဝင်=အခန်းကြီး ၅၊အငယ်၃၃ မှ ၄၂ထိ၊
သခင်ယေရှုဆုံးမသြ၀ါဒပေးတော်မူသည်မှာ
မဟုတ်မမှန်ဘဲလျက် ကျိန်ဆိုခြင်းကို မပြုရ။
ကျိန်ဆိုခြင်းကိုပြုသည်အတိုင်းထာရဘုရားရှေတော်၌
တည်စေလော့ ဟူသောရှေးပညတ်စကားကို
သင်တို့ ကြားရပြီ။ငါ့ပညတ်သည်ကားကျိန်ဆိုခြင်းက
ိုအလျှင်းမပြုရ။ ကောင်းကင်ဘုံကို တိုင်တည်၍မကျိန်ရ။
ကောင်းကင်ဘုံကား ထာဝရဘုရားသခင်၏
ပလ္လင်တော်ဖြစ်သတည်း။ မြေကြီးကို တိုင်တည်၍
မကျိန်ရ။ မြေကြီးကား ထာဝရဘုရားသခင်၏
ခြေတော်တင်ရာ ခုံဖြစ်သတည်း။ ယေရုရှလင်မြို့ ကို
တိုင်တည်၍မကျိန်ရ။ မဟာမင်းကြီး၏ မြို့ တော
ဖြစ်သတည်း။ ဆံခြည်တစ်ပင်ကိုမျှ ဖြူစေခြင်း၊
မည်းစေခြင်းဌာ မတတ်နိုင်သော်၊ကိုယ်ဦးခေါင်းကို
တိုင်တည်၍ မကျိန်ရ။ →
သင်၏ စကားမှာ ဟုတ်သည်ကို အဟုတ်၊
မဟုတ်သည်ကို မဟုတ်ဖြစ်စေလော။
ဤထက်လွန်သောစကားသည်
မကောင်းသောအရာနှင့်စပ်ဆိုင်ပေ၏။သူ့ မျက်စိကို
ဖျက်လျှင် ကိုယ်မျက်စိဖျက်ခြင်းကို ခံစေ၊ သူ့ သွားကို
ချိုးလျှင် ကိုယ်သွားချိုးခြင်းကို ခံစေဟူသော
ပညတ်စကားကို သင်တို့ ကြားရပြီ။ ငါပညတ်သည်ကား
နှောင့်ရှက်သောသူကို မဆီးမတားနှင့်။
သင်၏ပါးတစ်ဖက်ကို သူတပါးပုတ်လျှင် ပါးတဖက်ကို
လှည့်၍ ပေးအုံးလော့။ သင့်အင်္ကျီကို ယူလို၍တရားတွေ
့သောသူအားသင့်ဝတ်လုံကိုလည်း ယူစေခြင်းဌါ
အခွင့်ပေးအုံးလော့။ အကြင်သူသည် သင့်ကိုအနိုင်ပြု၍
 ခရီးတတိုင်သွားစေ၏။ ထိုသူနှင့်တကွ
နှစ်တိုင်သွားအုံးလော့။ တောင်းသောသူအား
ပေးလော့။ချေးဌါးလိုသောသူကိုလည်း မငြင်းမပယ်နှင့်။
**************************************************************************
သခင်ယေရှုရဲ့ ဆုံးမသြ၀ါဒအကျင်းချုပ်(၄)<
ရှင်မဿဲခရစ်ဝင်=အခန်းကြီး(၅)၊ အငယ်(၄၃)မှ(၄၈)ထိ
သခင်ယေရှုဆုံးမသြ၀ါဒပေးတော်မူသည်မှာ
ကိုယ်နှင့်စပ်ဆိုင်သောသူကို ချစ်လော့။ ရန်သူကို မုန်းလော့ဟူသောပညတ်စကားကို သင်တို့ ကြားရပြီ။
ငါ့ပညတ်သည်ကား သင်တို့ သည် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့ အဘ၏သားဖြစ်လိုသောဌါ
ရန်သူတို့ ကို ချစ်ကြလော့။ သင်တို့ ကို ကျိန်ဆဲသောသူတို့ အား မေတ္တာပို့ ကြလော့။ သင်တို့ ကို
မုန်းသောသူတို့ အား ကျေးဇူးပြုကြလော့။သင်တို့ ကို နှောင့်ရှက်ညှည်းဆဲသောသူတို့ အဘို့  ဘုရားသခင်
ကို ဆုတောင်းကြလော့။ အကြောင်းမူကား ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့ အဘသည်
ကောင်းသောသူ၊မကောင်းသောသူတို့ အပေါ်၌ ကိုယ်တော်၏ နေကို ထွက်စေတော်မူ၏။
ဖြောင့်မတ်သောသူ၊မဖြောင့်မတ်သောသူတို့ အပေါ်၌ မိုဃ်းကို  ရွာစေတော်မူ၏။ သင်တို့ ကို ချစ်သော
သူတို့ အားသာ ချစ်တုံ့ ပြန်လျှင် အဘယ်ကျေးဇူးတင်သနည်း။ အခွန်ခံသူတို့ ပင် ဤမျှလောက်ပြုကြသည်
မဟုတ်လော။ အဆွေအမျိုးတို့ အားသာ လောက၀တ်ပြုလျှင် အဘယ်သို့ ထူးမြတ်သနည်း။ သာသနာပ
လူတို့ ပင် ထိုအတူပြုကြသည်မဟုတ်လော။ ထို့ ကြောင့်ကောင်းကင်ဘုံ၌ရှိတော်မူသော
သင်တို့ အဘသည် စုံလင်တော်မူသည်နည်းတူ သင်တို့ သည်လည်း စုံလင်ခြင်းရှိကြလော့။
***************************************************************************************************************
သခင်ယေရှုရဲ့ ဆုံးမသြ၀ါဒအကျင်းချုပ်(၅)<
ရှင်မဿဲခရစ်ဝင်=အခန်းကြီး(၆)၊ အငယ်(၇) မှ (၁၅) ထိ၊
သခင်ယေရှုမိန့် တော်မူသည်မှာ
သင်တို့ သည်ဆုတောင်းသောအခါ သာသနာပလူနည်းတူ အချည်းနှီးသောစကားဖြင့်အထပ်ထပ်မမြွှက်ကြနဲ့ ။
ထိုသူတို့ သည် များစွာသောစကားအားဖြင့် မိမိတို့ အလိုပြည့်စုံမည်ဟု ထင်မှတ်ကြ၏။ ထိုသူတို့ နည်းတူမပြုကြနှင့်။
အကြောင်းမူကား သင်တို့ အလိုရှိသမျှတို့ ကို သင်တို့ မတောင်းမှီ သင်တို့ အဘသိတော်မူ၏။ ထို့ ကြောင့် သင်တို့ 
ဆုတောင်းရမည်မှာ ကောင်းကင်ဘုံ၌ရှိတော်မူသော အကျွန်ုပ်တို့ အဘ ကိုယ်တော်၏နာမတော်အား ရိုသေလေး
မြတ်ခြင်းရှိပါစေသော်။ နိုင်ငံတော်တည်ထောင်ပါစေသော။အလိုတော်သည်ကောင်းကင်ဘုံ၌ ပြည်စုံသကဲ့သို့ 
မြေကြီးပေါ်မှာ ပြည့်စုံပါစေသော။ အသက်မွေးလောက်သောအစာကို အကျွန်ုပ်တို့ အား ယနေ့ ပေးသနားတော်မူပါ။
သူတစ်ပါးသည် အကျွန်ုပ်တို့ ကို ပြစ်မှားသောအပြစ်များကို အကျွန်ုပ်တို့ သည် လွှတ်သကဲ့ သို့  အကျွန်ုပ်တို့ ၏
အပြစ်များကို လွှတ်တော်မူပါ။ အပြစ်သွေးဆောင်ရာသို့ မလိုက်မပါစေပဲ မကောင်းသောအမှုအရာမှလည်း
ကယ်နုတ်တော်မူပါ။ အစိုးပိုင်သောအခွင့်နှင့်ဘုန်းတခိုးအာနုဘော်သည် ကမ္ဘာအဆက်ဆက် ကိုယ်တော်၌
ရှိပါ၏။ အာမင် ဟုဆုတောင်းကြလော့။ သင်တို့ သည် သူတပါးတို့ ၏ အပြစ်ကို လွှတ်လျှင် ကောင်းကင်ဘုံ၌
ရှိတော်မူသော သင်တို့ ၏အဘသည် သင်တို့ ၏အပြစ်ကို လွှတ်တော်မူမည်။ သင်တို့ သည် သူတပါးတို့ ၏အပြစ်ကို
မလွှတ်လျှင် သင်တို့ အဘသည် သင်တို့ ၏အပြစ်ကို လွှတ်တော်မမူ။
****************************************************************************************************************
သခင်ယေရှု ဆုံးမသြ၀ါဒအကျင်းချုပ်(၆)
ရှင်မဿဲခရစ်ဝင်=အခန်းကြီး(၆)၊အငယ်(၂၄)မှ (၃၃) ထိ။
သခင်ယေရှုမိန့် တော်မူသည်မှာ
အဘယ်သူမျှသခင်နှစ်ဦးအစေကိုမခံနိုင်။ သခင်တစ်ဦးကို
မုန်း၍ တစ်ဦးကိုချစ်မည်။ သခင်တစ်ဦးကိုမှီခို၍တစ်ဦးက
ိုမခန့်မညားပြုမည်။သင်တိုသည်ဘုရားသခင်၏
အစေကို၎င်း၊လောကီစည်းစိမ်၏အစေကို၎င်း မခံနိုင်ကြ။
ထိုကြောင့်ငါဆိုသည်ကား အဘယ်သို့ စားသောက်ရမည်
ဟု အသက်အဘို့ မစိုးရိမ်ကြနှင့်။အစာထက်အသက်မြတ်
သည်မဟုတ်လော့။ အ၀တ်ထက်ကိုယ်မြတ်သည်မဟုတ်
လော့။ မိုဃ်းကောင်းကင်၌ ကျင်လည်သော ငှက်များကို
ကြည့်ရှုဆင်ခြင်ကြလော။ ထိုငှက်တို့ သည် မျိုးစေ့ကို
မစိုက်မကြဲ၊ စပါးကို မရိတ်၊ ကျီ၌မစုမသွင်း၊ သို့ သော်
လည်းကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့ ၏အဘ
သည် သူတို့ ကို ကျွှေးမွေးတော်မူ၏။ ထိုငှက်တို့ ထက်
သင်တို့ သည် အလွန်မြတ်သည်မဟုတ်လော့။ အဘယ်
သူသည် စိုးရိမ်ခြင်းအားဖြင့် မိမိအသက်တာကို တစ်
တောင်ခန့် မျှ တိုးပွားစေနိုင်သနည်း။→
အ၀တ်အဘို့ အဘယ်ကြောင့်စိုးရိမ်ရသနည်း။ တောနှင်း
ပင်တို့ သည် အဘယ်သို့ သောအားဖြင့်ကြီးပွားသည်ကို
ဆင်ခြင်အောက်မေ့ကြလော့။ ထိုအပင်တို့ သည် အလုပ်
လည်းမလုပ်၊ ချည်ဖြစ်စေခြင်းဌါ မငင်မ၀င့်။ သို့ သော်
လည်း ဘုန်းကြီးသော ရှောလမုန်မင်းကြီး၏အ၀တ်သည်
ထိုအပင်တပင်မျှ၏ အ၀တ်ကိုမှီဟု ငါဆို၏။ ယုံကြည်အား
နည်းသောသူတို့ ယနေ့ အသက်ရှင်လျက် နက်ဖြန်မီးဖို
ထဲသို့ ရောက်သောတောမြက်ပင်ကို ဘုရားသခင်သည်
ထိုသို့ သောအ၀တ်နှင့်ဖုံးလွှမ်းတော်မူလျှင် ထိုမျှမက
သင်တို့ ကို အ၀တ်နှင့်ဖုံးလွှမ်းတော်မူမည် မဟုတ်လော့။
ထို့ ကြောင့်အဘယ်သို့ စားသောက်ရအံ့နည်း။ အဘယ်
သို့ ဝတ်ရအံ့နည်းဟူ၍ မစိုးရိမ်ကြနှင့်။ ထိုအရာများကို
သာသနာပလူတို့ သည် ရှာဖွေတတ်ကြသည်။ထိုအရာ
များကို သင်တို့ သည် အသုံးလိုကြောင်းကို သင်တို့ အဘ
သည်သိတော်မူ၏။ ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်
မတ်ခြင်းတရားတော်ကို ရှေးဦးစွာ ရှာကြလော့။ နောက်
မှထိုအရာများကို ထပ်၍ပေးတော်မူလတံ့။
****************************************************************************************************
သခင်ယေရှုဆုံးမသြ၀ါဒအကျင်းချုပ်(၇)
 ရှင်မဿဲခရစ်ဝင်=အခန်းကြီး(၇)၊အငယ်(၇)မှ(၁၄)ထိ၊
သခင်ယေရှုမိန့် တော်မူသည်မှာ
တောင်းကြလော့၊တောင်းလျှင်ရမည်။ ရှာကြလော့၊ရှာလျှင်တွေ့ မည်။ တံခါးကိုခေါက်ကြလော့။ခေါက်
လျှင် ဖွင့်မည်။တောင်းသောသူမည်သည်ကားရ၏။ ရှာသောသူမည်သည်ကားတွေ့ ၏။ တံခါးကို ခေါက်
သောသူအားလည်းတံခါးကို ဖွင့်၏။သားသည် မုန့် ကို တောင်းလျှင် မိမိသားအား ကျောက်ကိုပေးမည့်သူ
ငါးကိုတောင်းလျှင် မြွေကိုပေးမည့်သူ တစုံတယောက်မျှသင်တို့ တွင်ရှိသလော့။ သင်တို့ သည် အဆိုးဖြစ်လျှက်ပင်
ကိုယ်သားတို့ အားကောင်းသောအရာကို ပေးတတ်လျှင်၊ ထိုမျှမကကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့ အဘသည်
ဆုတောင်းသောသူတို့ အား ကောင်းသောအရာကို သာ၍ပေးတော်မူမည်မဟုတ်လော့။သင်တို့ သည် ကိုယ်၌သူတစ်
ပါးပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ပြုကြလော့။ ဤပညတ်ကား ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းတို့ ၏ အချုပ်အခြာ
ပင်ဖြစ်သတည်း။ ကျဉ်းသောတံခါးကို ၀င်ကြလော့။ပျက်ဆီးခြင်းသို့ ရောက်သောလမ်းနှင့်တံခါးသည် ကျယ်ဝန်းသည်
ဖြစ်၍၀င်သောသူတို့ သည် များကြ၏။ အသက်ရှင်ခြင်းသို့ ရောက်သောလမ်းနှင့်တံခါးသည် အလွန်ကျဉ်းမြောင်းသည်
ဖြစ်၍ ၀င်သောသူတို့ သည် နည်းကြ၏။
*****************************************************************************************************************
သခင်ယေရှုဆုံးမသြ၀ါဒအကျင်းချုပ်(၈)
ရှင်မဿဲခရစ်ဝင်=အခန်းကြီး(၁၂)၊အငယ်(၃၁) မှ (၃၇) ထိ
သခင်ယေရှုမိန့် တော်မူသည်မှာ
ပြစ်မှားသောအပြစ်၊ဘုရားကို ကဲ့ရဲ့ သောအပြစ်အမျိုးမျိုး
တို့ နှင့်လွတ်စေခြင်းအခွင့်ကို လူတို့ သည် ရနိုင်ကြသည်။
လူသားကို နုတ်ဖြင့်ပြစ်မှားသောသူ၏အပြစ်ကိုလည်း
လွှတ်နိုင်၏။ သန့် ရှင်းသော ၀ိညာဉ်တော်ကို နုတ်ဖြင့်
ပြစ်မှားသောအပြစ်ကို ယခုဘ၀၊နောင်ဘ၀၌မလွှတ်နိုင်။
အသီးအားဖြင့် အပင်၏သဘော ထင်ရှားသည်ဖြစ်၍
အသီးကောင်းလျှင် အပင်းကောင်းသည်ဟုဆိုကြလော့။
အသီးမကောင်းလျှင် အပင်မကောင်းဟုဆိုကြလော့။
အချင်းမြွေဆိုးအမျိုးတို့  သင်တို့ သည် အဆိုးဖြစ်လျက်
ကောင်းသောစကားကို အဘယ်သို့ ပြောနိုင်မည်နည်း။
စိတ်နှလုံးအပြည့်ရှိသည်အတိုင်း နှုတ်မြွက်တတ်၏။
ကောင်းသောသူသည် ကောင်းသောစိတ်နှလုံးဘဏ္ဍာ
တိုက်ထဲက ကောင်းသောအရာတို့ ကို ထုတ်ဖော်တတ်၏။
မကောင်းသောသူသည် မကောင်းသောစိတ်နှလုံးဘဏ္ဍာ
တိုက်ထဲက မကောင်းသောအရာတို့ ကို ထုတ်ဘော်တတ်
၏။ ငါဆိုသည်ကား လူတို့ သည် အကျိုးမဲ့သော စကားကို
ပြောသမျှအတွက် တရားဆုံးဖြတ်သောနေ့ ၌ စစ်ကြော
ခြင်းကို ခံရကြလတံ့။ သင့်စကားများအားဖြင့်သင်သည်
အပြစ်လွှတ်လိမ့်မည်။ သို့ မဟုတ် သင့်စကားများအားဖြင့်
အပြစ်စီရင်ခြင်းကို ခံရလိမ့်မည်ဟု မိန့် တော်မူ၏။
*****************************************************************************************************
သခင်ယေရှု၏ ဆုံးမသြ၀ါဒအကျင်းချုပ်(၉)
ရှင်မဿဲခရစ်ဝင်=အခန်းကြီး(၂၃)၊အငယ်(၁၃)မှ(၁၅)၊၂၇မှ၂၈၊၃၃
သခင်ယေရှုမိန့် တော်မူသည်မှာ
လျှို့ ဝှက်သောကျမ်းပြုဆရာ၊ဖာရိရှဲတို့  သင်တို့ သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်၏
တံခါးကို လူတို့ ရှေ့ မှာပိတ်ထား၍ မိမိတို့ လည်းမ၀င်၊ ၀င်လိုသောသူတို့ ကို လည်း ဆီးတားကြ၏။
လျှို့ ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့  သင်တို့ သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား မုဆိုးမအိမ်ကို လုယူသိမ်း
စား၍ အပြစ်မပေါ်စေခြင်းငှါ ရှည်စွာသော ပဌနာစကားကို ရွတ်တတ်ကြ၏။ ထိုကြောင့်သာ၍ကြီးစွာသောဒဏ်ကို ခံရ
ကြလတံ့။
လျှို့ ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့  သင်တို့ သည် အမင်္ဂလာရှိကြ၏။အကြောင်းမူကား လူတစ်ယောက်ကိုပင် ဘာ
သာသွင်းခြင်းငှါ ကုန်းကြောင်း၊ရေကြောင်း ပတ်ပတ်လှည့်လည်၍ ဘာသာသွင်းပြီးသောသူကိုလည်း မိမိတို့ ထက် နှစ်
ဆသောငရဲသားဖြစ်စေကြ၏။
လျှို့ ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့  သင်တို့ သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူ အဖြူသုတ်သော သင်္ချိုင်းတွင်း
နှင့်တူကြ၏။ ထိုတွင်းသည် အပြင်၌တင့်တယ်စွတကား၊ အတွင်း၌ကား လူသေအရိုး၊ အညစ်ကြေးအမျိုးမျိုးနှင့်ပြည့်
လျက်ရှိ၏။ ထိုအတူ သင်တို့ သည် အပြင်၌ လူတို့ ရှေမှာ ဖြောင့်မတ်ဟန်ရှိ၏။ အတွင်း၌ကား လျှို့ ဝှက်ခြင်း၊မတရား
သဖြင့်ကျင့်ခြင်းနှင့်ပြည့်စုံလျက်ရှိကြ၏။
မြွေဆိုးအမျိုးတို့ သင်တို့ သည် အပြစ်ငရဲ့ မှ အဘယ်သို့ လွတ်နိုင်ကြမည်နည်း။
******************************************************************************************************************
ဒီသီချင်းလေးကို နားထောင်ပေးပါ။
*****************************************************************************************************
ကျေးဇူးတင်ပါသည်။..
အထက်ပါကျမ်းစာလေးဟာ ကျွန်တော်ဖတ်ဖူးခဲ့သောကျမ်းပိုဒ်များထဲက ကျွန်တော့်ရဲ့ အနှစ်သက်ဆုံးကျမ်းစာလေးဖြစ်ပါတယ်။...ဒီကျမ်းစာလေးကို မဖြစ်မနေဖတ်ပေးကြပါလို့  အထူးအညွှတ်တောင်းဆိုချင်ပါတယ်။...ကူညီမှုကို အထူးပဲကျေးဇူးတင်ပါတယ်။..ဘုရားသခင်ကောင်းချီးပေးပါစေ။... အရာရာတိုင်း အောင်မြင်ပါစေလို့ဒီကနေဆုတောင်းပေးလိုက်ပါတယ်။..
                                                                             ............ဇော်ဝင်းထက်............
ကြိုဆိုပါသည်။
Zaw Win Htet
HI, I love you all.
ကျေးဇူးအများကြီးတင်ပါသည်။
ကျနော့်ဝက်ဆိုဒ်ကို လာရောက်ကြည့်ရှုအားပေးကြသော သူငယ်ချင်းများကို အထူးပဲကျေးဇူးတင်ရှိပါသည်။
Newest Members
zawwinhtetlin linrobertsehlun@gmail.comJstreet
Recent Blog Entries
No recent entries